လက်ဘနွန်မှာ ထိခိုက်ခံစားနေရသူတွေ

ဗီဒီယို ပုံစာ, လက်ဘနွန်မှာ ထိခိုက်ခံစားနေရသူတွေ
လက်ဘနွန်မှာ ထိခိုက်ခံစားနေရသူတွေ

အစ္စရေးနဲ့ လက်ဘနွန်တို့ အကြား ၁၀ ရက်ကြာ အပစ်အခတ် ရပ်စဲရေး ဟာ ခြောက်ပတ်ကျော်ကြာ စစ်ပွဲကို ကြုံတွေ့ခဲ့ရတဲ့ လက်ဘနွန် ပြည်သူတွေ အတွက် သက်သာရာရမှုကို ဖြစ်စေနိုင်ပါတယ်။ စစ်ပွဲကြောင့် လူ နှစ်ထောင်ကျော် သေဆုံးပြီး၊ လူ တစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အတွက် လူဦးရေ ၅ ပုံ ၁ ပုံလောက်ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ စစ်ပွဲကြောင့် မိသားစု တစ်စု ဘယ်လောက် အထိ ထိခိုက်ခဲ့ရတယ် ဆိုတာကို ဘီဘီစီ သတင်းထောက် ဟျူကို ဘရှေးဂါးက သတင်းပေးပို့ထားပါတယ်။ ကိုဘိုဘိုက ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ အကြောင်းအရာတွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။