ထရမ့်ကို နိုဘယ်ဆုရစေချင်တဲ့ နေတန်ညာဟု - အငြင်းပွားဖွယ်ချီးမြင့်ခဲ့ဖူးတဲ့ဆု ၆ ခု

Israeli Prime Minister Benjamin Netanyahu hands President Donald Trump an envelope during a dinner at the White House in Washington, on 7 July 2025
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဒေါ်နယ်ထရမ့်ကို အဆိုပြုတယ်လို့ ထုတ်ပြောပါတယ်။ တဖက်မှာလည်း ဒါဟာ ထရမ့်ရဲ့ ရည်မှန်းချက်လို့ပြောကြပါတယ်။

"ကျွန်တော်တို့ ပြောခဲ့သလိုပဲ သမ္မတထရမ့်က နိုင်ငံတစ်နိုင်ငံအတွက် ဒေသတစ်ခုတင်မက နောက်ထပ်ဒေသတွေအတွက်ပါ "သူက ငြိမ်းချမ်းရေးကို ဖန်တီးနေတာ'' လို့ ဆုရွေးချယ်ရေးကော်မတီကို ပေးပို့တဲ့စာမှာထည့်ပြောထားပါတယ်။

ထရမ့်ကို နိုဘယ်ဆုအတွက် အဆိုပြုတာ နေတန်ညာဟု တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ပါကစ္စတန်ကလည်း ထရမ့်ကို အဲဒီဆုအတွက် အဆိုပြုဖို့ စီစဉ်နေတယ်လို့ ဇွန်လတုန်းက ထုတ်ပြောဖူးပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ဖြစ်ခဲ့တဲ့ ပါကစ္စတန်နဲ့ အိန္ဒိယအကြား တင်းမာမှုကို ထရမ့်ကြားဝင်ဖြေရှင်းခဲ့တာကို ကိုးကားပြီး အစ္စလာမာဘတ် အစိုးရက ထုတ်ပြောတာပါ။

ဒါပေမဲ့ ပါကစ္စတန်က အခုလို ထုတ်ပြောပြီး နောက်တစ်နေ့မှာပဲ အီရန်ရဲ့ နျူကလီးယားနေရာတွေကို အမေရိကန်ရဲ့ ဗုံးကြဲမှုကြောင့် ဒီလိုအဆိုပြုမှုတွေအပေါ် ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ခံနေရပါတယ်။

အဘက်ဘက်ကစဥ်းစားပြီး ချီးမြှင့်တဲ့ နိုဘယ်ဆုဟာ ကမ္ဘာ့ဂုဏ်သတင်းအကြီးမားဆုံး ဆုဖြစ်ပါတယ်။ ဆွီဒင်သိပ္ပံပညာရှင်၊ စီးပွားရေးသမားနဲ့ ပရဟိတသမား အဲလ်ဖရက်နိုဘယ်က စတင်ဖန်တီးချီးမြှင့်ခဲ့တဲ့ စုစုပေါင်းဆု ၆ ခုထဲက တစ်ခုဖြစ်ပါတယ်။

လူ ၅ ဦးပါတဲ့ဆုရွေးချယ်ရေးကော်မတီကနေ ဆုရရှိသူကို ရွေးချယ်တာပါ။ အဖွဲ့ဝင် ၅ ဦးကို နော်ဝေပါလီမန်က ရွေးကောက်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

သူ့ အနေနဲ့ ဆုရနိုင်မလား။ ထရမ့်ဟာ လက်ခံနိုင်ဖွယ်မရှိတဲ့ ဆုရှင်တစ်ဦးလို့တော့ အများရဲ့ စဥ်းစားယူဆချက်ရှိပါတယ်။ နိုင်ငံရေးရဲ့ သဘောသဘာဝ၊ အခြားသောဆု ၅ မျိုးထက်စာရင် ငြိမ်းချမ်းရေးဆုဟာ မကြာခဏဆိုသလို အငြင်းပွားဖွယ်ရာအချက်အများအပြားပါဝင်လေ့ရှိပါတယ်။

အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ၆ ခု ရှိခဲ့ပါတယ်။ တချို့ဖြစ်ရပ်တွေက တကျော့ပြန်ဖြစ်ရပ်ကြောင့် ဝေဖန်ခံရတာ တချို့ကတော့ မေ့ပျောက်ခံရတာ ဖြစ်ပါတယ်။ တချို့ကတော့ အဲဒီအချိန်ကတည်းက ကန့်ကွက်ခံရတာဖြစ်ပါတယ်။

ဘားရက်အိုဘားမား

US President Barack Obama winking

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက ၂၀၀၉ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့တဲ့အချိန်မှာတော့ လူအများအပြားကို ခေါင်းရှုပ်စေခဲ့ပါတယ်။ အိုဘားမား ကိုယ်တိုင်တောင် ခေါင်းရှုပ်ခဲ့တာပါ။

ဆုကြေညာချက်ထွက်တဲ့အချိန်မှာ ပထမဆုံးသူရဲ့တုန့်ပြန်မှုက "ဘာအတွက်ပေးတာလဲ" ဆိုတာပါ။ ၂၀၂၀ က ထုတ်တဲ့ သူ့ရဲ့ကိုယ်တွေ့မှတ်တမ်းစာအုပ်မှာ အဲဒီအတိုင်း အိုဘားမားက ရေးသားခဲ့ပါတယ်။

ဆုရချိန်မှာ အိုဘားမားတစ်ယောက် သမ္မတ ဖြစ်တာ ၉ လပဲ ရှိသေးတာကြောင့် အလောတကြီး ဆုံးဖြတ်ချက်လို့ ဝေဖန်သူတွေက သမုတ်ခဲ့ကြပါတယ်။ တကယ်တမ်းမှာလည်း အဆိုပြုတင်သွင်းရမယ့် နောက်ဆုံးအချိန်သတ်မှတ်ချက်ဟာ အိုဘားမားရဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ၁၂ ရက်အတွင်းမှာ အပြီးသတ်ပါတယ်။

ကော်မတီရဲ့ဆုအတွက်ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တရခဲ့တယ်လို့ ၂၀၁၅ ခုနှစ်အတွင်း နိုဘယ်အင်စတီကျူရဲ့ အငြိမ်းစားဒါရိုက်တာ ဂဲယ်လန်ဒီစတတ်ဒ်က ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။

အိုဘားမားရဲ့သမ္မတသက်တမ်း ၂ ခုအတွင်းမှာ အမေရိကန်တပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီရီးယာနိုင်ငံတို့ထဲမှာ တိုက်တုန်း ခိုက်တုန်းဖြစ်ပါတယ်။

ရာဆာ အာရာဖတ်

Yasser Arafat, 1994 Nobel Peace Prize laureate, holds the Israeli leader Yitzhak Rabin's portait

သွားလေသူ ပါလက်စတိုင်းခေါင်းဆောင် ရာဆာအာရာဖတ်ဟာ အစ္စရေးဝန်ကြီးချုပ် ရစ်ဇ်ဟတ်ခ် အာဘင်၊ နိုင်ငံခြားရေးဝန်ကြီး ရှင်မွန်ပီရစ်တို့နဲ့အတူ အော်စလိုငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၉၄ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

အဲဒီသဘောတူညီချက်ဟာ ၁၉၉၀ ခုနှစ်တွေတုန်းက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက်ဖြေရှင်းရေးမျှော်လင့်ချက်ရောင်ခြည်သန်းခဲ့တဲ့သဘောတူညီချက်လို့ ဆိုနိုင်ပါတယ်။

စင်ပြိုင်စစ်တပ်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ဖူးသူ တစ်ဦးဖြစ်တဲ့ ရာဆာ အာရာဖတ်ကို ဆုပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အစ္စရေးအပြင် အစ္စရေးအပြင်ဘက်မှာလည်း ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

လက်တွေ့မှာတော့ ရာဆာ အာရာဖတ်ကို ရွေးချယ်ခြင်းက နိုဘယ်ကော်မတီအတွင်းမှာကို ဂယက်ရိုက်မှုဖြစ်ခဲ့ပါတယ်။

ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နော်ဝေနိုင်ငံရေးသမား ကဲယ် ခရစ္စတင်းဆမ်ကိုယ်တိုင် က အဲဒီအတွက် ဆန္ဒပြတဲ့အနေနဲ့ အဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။

ဟင်နရီ ကစ်ဆင်ဂျာ

Nobel Peace Prize laureate Henry Alfred Kissinger in United States in 1973

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဟင်နရီ ကစ်ဆင်းဂျားက ၁၉၇၃ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့ပါတယ်။

သူ့လက်ထက်မှာ အမေရိကန်နိုင်ငံခြားရေးမူဝါဒက အငြင်းပွားဖွယ်ရာအများဆုံးဖြစ်ခဲ့တဲ့သူတစ်ယောက်ပါ။ အဲဒီလို လူတစ်ဦးကို ဆုပေးခဲ့တာဖြစ်ပါတယ်။

အဓိက အငြင်းပွားစရာတွေကတော့ ကမ္ဘောဒီးယားမှာ လျှို့ဝှက်ဗုံးကြဲတဲ့လုပ်ရပ်နဲ့ တောင်အမေရိကမှာ လူအများအပြားကို သတ်ခဲ့တဲ့ စစ်အာဏာရှင်ကို ထောက်ပံ့ခဲ့တာတွေက ရှုတ်ချအငြင်းပွားဖွယ်ရာရှိခဲ့ပါတယ်။

ကစ်ဆင်းဂျာက ဗီယက်နမ်စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်လုပ်ဆောင်နိုင်ခဲ့တဲ့ မြောက်ဗီယက်နမ်ခေါင်းဆောင် လီဒတ်သိုနဲ့ ပူးတွဲပြီးဆုရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီဆုကြောင့် နိုဘယ်ဆုကော်မတီအဖွဲ့ဝင် ၂ ဦးက ဆန္ဒပြနုတ်ထွက်ခဲ့ပြီး၊ New York Times ကတော့ နိုဘယ်စစ်ပွဲဆုလို့ သုံးနှုန်းပြီးခေါ်ဆိုခဲ့ပါတယ်။

အာဘီရယ်အာမတ်

Ethiopia's Prime Minister and Nobel Peace Prize Laureate Abiy Ahmed Ali poses after being awarded with the Nobel Peace Prize during the Nobel Peace Prize ceremony 2019 at Oslo City Town Hall

အိမ်နီးချင်းနိုင်ငံ အီရစ်ထရီးယားနဲ့ ကာလရှည်ဖြစ်နေတဲ့ နယ်စပ်ရေးရာပဋိပက္ခကို ဖြေရှင်းနိုင်ခဲ့တဲ့ သူ့ရဲ့ အားထုတ်မှုကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အီသီယိုးပီးယား ဝန်ကြီးချုပ်က ၂၀၁၉ ခုနှစ်မှာရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီဆုရပြီးနှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ အဲဒီဆုံးဖြတ်ချက်က တကယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းတွေ ရှိလာခဲ့ပါတယ်။

အာဘီရယ်အာမတ်ရဲ့ နိုင်ငံမြောက်ပိုင်း တီဂရေးမှာ သူရဲ့တပ်တွေဖြန့်ကြက်ထားမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေရှိလာခဲ့ပါတယ်။

အဲဒီလုပ်ဆောင်မှုက ပြည်တွင်းစစ်ကိုဦးတည်ခဲ့ပြီး အဲဒီက သန်ပေါင်းများစွာသော ပြည်သူတွေ အစားအသောက်၊ ဆေးဝါးနဲ့ အခြားသောအခြေခံလိုအပ်ချက် အထောက် အပံ့တွေ ချို့တဲ့ခဲ့ပြီး လူ ရာထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ မှတ်ယူရပါတယ်။

အောင်ဆန်းစုကြည်

Nobel Laureate Aung San Suu Kyi speaks during a Nobel lecture at Oslo City Hall

မြန်မာ့နိုင်ငံရေးမှာကျော်ကြားလူသိထင်ရှားသူဖြစ်ပြီး စစ်တပ်အုပ်ချုပ်မှုကို သူရဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ရုန်းကန်ခဲ့တဲ့အတွက် ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာတော့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကတောင် "လူမျိုးသုဥ်းသတ်ဖြတ်မှု" လို့ သတ်မှတ်ခဲ့တဲ့ ရိုဟင်ဂျာဖြစ်စဥ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်ဖို့အတွက် ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ ကြုံရပါတယ်။

သူ့ရဲ့ နိုဘယ်ဆုကိုပြန်ရုတ်သိမ်းဖို့အထိကို တောင်းဆိုတာတွေရှိခဲ့ပေမယ့်လည်း စည်းမျဥ်း၊ စည်းကမ်းတွေအရ အဲဒီလိုလုပ်ဆောင်ဖို့ ခွင့်မပြုခဲ့ကြပါဘူး။

ဝင်ဂါရီ မားထိုင်း

Kenyan environmental and political activist Wangari Maathai

ကင်ညာတက်ကြွလှုပ်ရှားသူ ပထမဆုံးအာဖရိကန်အမျိုးသမီးငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ ဆုရရှိခဲ့ပါတယ်။

အစိမ်းရောင်ခါးပတ်လှုပ်ရှားမှုအတွက် ဇီဝဗေဒပညာရှင်က ဆုရရှိခဲ့တာပါ။ အပင်ပေါင်း သန်းပေါင်းများစွာကိုစိုက်ပျိုးခဲ့တဲ့အတွက် အသိအမှတ်ပြုခံခဲ့ရတာပါ။

HIV၊ Aids နဲ့ပတ်သက်လို့သူမရဲ့ သိမြင်မှုနဲ့ပတ်သက်တဲ့ မှတ်ချက်တွေထွက်လာပြီး နောက်ပိုင်း သူ့ရဲ့ အောင်မြင်မှုအပေါ် စိစစ်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

HIV ဗိုင်းရပ်စ်ဟာ ဇီဝလက်နက်အဖြစ် လူတွေ တမင်ဖန်တီးခဲ့တာဖြစ်ပြီး လူမည်းတွေကို ပျက်စီးရာပျက်စီးကြောင်းလုပ်ဖို့ ရည်ရွယ်တယ်လို့ဆိုတာမျိုး သူ ပြောခဲ့တာပါ။

ဒါပေမဲ့ သူ့ရဲ့ ဒီအပြောကို အထောက်အထားနဲ့အတည်ပြုနိုင်တဲ့ သုတေသနမျိုး မရှိပါဘူး။

နိုဘယ်ဆု ထိန်ချန်ခြင်း - လက်ဗလာနဲ့ ဂန္ဒီ

Indian statesman Mahatma Gandhi fasts in protest against British rule

အချို့သော နိုဘယ်ဆုထိန်ချန်ခဲ့ခြင်းကြောင့်လည်း နိုဘယ်ဆုဟာ ကျော်ကြားပါတယ်။

ငြိမ်းချမ်းရေးခေါင်းဆောင်အောက်မှာဆိုရင် အသိသာအထင်ရှားဆုံးသောပျက်ကွက်မှုဟာ မဟတ္တမ ဂန္ဒီအတွက်ဖြစ်နိုင်ပါတယ်။

၂၀ ရာစုနှစ်အတွင်းမှာ အကောင်းမြင်တဲ့လှုပ်ရှားမှုရဲ့ သင်္ကေတတစ်ခု ဖြစ်ခဲ့သူ အိန္ဒိယ နိုင်ငံရေးသမားဟာ ၅ ကြိမ်အထိအဆိုပြုခံခဲ့ရပေမယ့်လည်း ဘယ်တုန်းကမှ ဆုကိုမရရှိခဲ့ပါဘူး။

ဂန္ဒီရဲ့ အောင်မြင်မှုတွေအတွက်အသိအမှတ်ပြုမှုမရှိခဲ့ခြင်းဟာ အကြီးမားဆုံးသော နိုဘယ်ဆုထိန်ချန်မှုဖြစ်ခဲ့တယ်လို့ ဆုရွေးချယ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ နော်ဝေသမိုင်းပညာရှင် ဂဲယ် လန်ဒီစတတ်ဒ်က ၂၀၀၆ ခုနှစ်မှာပြောဆိုခဲ့ပါတယ်။