အသွင်ပြောင်း သမ္မတ ရုရှားသွား

ဗီဒီယို ပုံစာ, အသွင်ပြောင်း သမ္မတ ရုရှားသွား
အသွင်ပြောင်း သမ္မတ ရုရှားသွား
ရေးသားခဲ့သည်။

အသွင်ပြောင်း သမ္မတ ဦးမင်းအောင်လှိုင် ဒီနေ့ ရုရှားနိုင်ငံကို စတင်ထွက်ခွာသွားပြီ ဖြစ်ပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ်နဲ့ အခြားဝန်ကြီးတွေအပြင် စီးပွားရေးလုပ်ငန်းရှင်အချို့လည်း လိုက်ပါသွားပါတယ်။ စစ်ခေါင်းဆောင် အဖြစ်ကနေ သမ္မတ အဖြစ်ပြောင်းလဲပြီး ၅ လအတွင်း အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ ထိုင်း ခရီးစဉ်တွေ သွားရောက်ခဲ့ပြီး နောက် အခု ရုရှားကို သွားတာ ဖြစ်ပါတယ်။ အခု ရုရှားခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူညီချက်တွေကို လက်မှတ် ရေးထိုးဖို့ရှိတယ်လို့ ရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။