ဆော်ဒီပစ်မှတ်တွေကို ဟူသီတွေ ဆက်တိုက်ခိုက်

ဆော်ဒီပစ်မှတ်တွေကို ဟူသီတွေ ဆက်တိုက်ခိုက်
ရေးသားခဲ့သည်။

ယီမင်က ဟူသီလက်နက်ကိုင် တွေက ဆော်ဒီအာရေဗျထဲက လေဆိပ်တွေကို အသုံးမပြုကြဖို့ ထပ်မံသတိပေးလိုက်ပါတယ်။ ၂ ရက်ဆက်တိုက် ရီယာ့ဒ်မြို့တော်က အဓိက နိုင်ငံတကာလေဆိပ်ကြီးကို လူအသေအပျောက် ဖြစ်စေတဲ့အထိ တိုက်ခိုက် ခဲ့ပြီးနောက် အခုလို သတိပေးချက် ထွက်လာတာဟာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ခါလစ် ဘုရင် အပြည်ပြည်ဆိုင်ရာလေဆိပ် တိုက်ခိုက် ခံရမှုအတွင်း လူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆော်ဒီတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီမတိုင်ခင် တရက်ကလည်း ဒုံးကျည်တိုက်ခိုက်မှုတခုကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ ဆော်ဒီနိုင်ငံမြေပြင်ပေါ်မှာ ဆယ်စုနှစ်တခုကျော်အတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှု ဖြစ်ခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုးအင်ဝုဒ် ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့် ကပြောပြမှာပါ။