ရန်ကုန်က ခါးပိုက်နှိုက် ပြဿနာ
ရန်ကုန်က ခါးပိုက်နှိုက် ပြဿနာ
ရေးသားခဲ့သည်။
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ အများပြည်သူသုံးယာဉ်လိုင်း YBS ကားတွေနဲ့ ကားမှတ်တိုင် တွေမှာ ခရီးသည်တွေဆီကနေ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို လုယက်ခံရတာ၊ ခါးပိုက်နှိုက် ခံရတာတွေ နေ့စဉ်နဲ့အမျှ ကြုံနေကြရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကတော့ ပြီးခဲ့တဲ့ငါးလအတွင်း ခါးပိုက်နှိုက် ၂၀၀ နီးပါးကို သက်သေခံ ပစ္စည်း တွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒီရက်ပိုင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ လိုင်းကားတွေနဲ့ ကားမှတ်တိုင်တွေမှာ ဒီနေ့မနက်အထိ ခါးပိုက်နှိုက်တွေရဲ့လှုပ်ရှားမှု လျော့ကျမသွားဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ကိုမြင့်လွင်က ပြောပြပေးပါမယ်။



